မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 63 ကြွလာသောခါကျူး
1
ကြွလာသောခါ၊ ကြွလာသောခါ၊ ကျောက်မြတ်များစုသိမ်းသွင်း၊
အားလုံးကျောက်မြတ်များဖိုးထိုက်စွာ၊
ပိုင်ထိုက်ချစ်အသင်း။
2
သရဖူတော်ထွန်းတောက်စွာ၊ မိုးသောက်ကြယ်နီပမာ။
စီထားကျောက်မြတ်များတို့သည်၊ တင့်တယ်ထွန်းလင်းသည်။
3
ကိုယ်တော်သိမ်းမည်၊ ကိုယ်တော်သိမ်းမည်၊
နိုင်ငံဖို့ရတနာ။ သန့်ရှင်းသူသည်
ဖြူစင်သူသည်၊ ချစ်သင်းပိုင်ထိုက်စွာ။
4
သူငယ်လေးများ၊ သူငယ်လေးများ၊ ရွေးနုတ်ရှင်ကိုချစ်သူ၊
မြတ်သောကျောက်များဖိုးထိုက်ကျောက်များ၊
ချစ်သင်းပိုင်ထိုက်သူ။