မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 373 ၃၇၃ ငါ၏နာမည်ရေလျက်ရှိသလားကျူး။ သီချင်းစာသားများ
၁ ကြွယ်ဝခြင်းကိုမှုမထား၊
ရွှေငွေမတောင့်တပါ။
ကောင်းကင်ကိုအရင်ရှာမည်၊
သိုးခြံထံသို့ဝင်မည်။
နိုင်ငံတော်သက်စာစောင်တွင်
ကျွန်ုပ်၏နာမည်ပင်
ရေမှတ်ထားလျက်ရှိသလား
ယေရှုရှင်ကြားပြောပါ။
ထပ်ဆိုရန်
အကျွန်ုပ်၏နာမည်
နိုင်ငံသက်စာစောင်၏
ဖြူစင်လှစွာစာရွက်မှာ
ရေသားလျက်ရှိသလား။
၂ ကျွန်ုပ်အပြစ်များလှပါ။
ပင်လယ်သဲလုံးပမာ။
သို့သော်ကိုယ်တော်သွေးတော်သည်
ကျွန်ုပ်ဘို့လောက်ပေ၏။
ကိုယ်တော်မြတ်သည်ပေးသနား
ဂတိတော်လာသည်ကား၊
သင်၏အပြစ်နီသော်လည်း၊
မိုဃ်းပွင့်လိုဖြူစေမည်။
၃ တင့်တယ်သန့်ရှင်းမြို့တော်မှာ
အိမ်တော်ထွန်းလင်းလှပါ။
သန့်ရှင်းဘုန်းကြီးသတ္တဝါ
ဝတ်လုံဖြူစင်ဝတ်ကြ။
ထိုတင့်တယ်သောအရပ်မှ
အန္တရယ်မရှိပါ။
ကောင်းကင်သားများစောင့်နေရာ
ငါ့နာမည်ရှိသလား။