မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 234 ၂၃၄ အမှုတော်ဆောင်လော့ကျူး။ သီချင်းစာသားများ
၁ အမှုတော်ဆောင်၊ ကိုယ်ကိုပူဇော်။
အလိုတော်လိုက်ဘို့ရန်အားရ။
သခင်ကိုယ်တိုင်ဤလမ်းကြွသော်၊
ကိုယ်တော်၏ကျွန်၊ မရှောက်ရလား။
၂ အမှုတော်ဆောင်၊ အကျိုးမညံ့။
လောကီအရှုံး၊ ကောင်းကင်မြတ်ပေ၊
ချီးမွမ်းခြင်းလူကမခံ။
သခင်ကခံမည်၊ လူကိုထား။
၃ အမှုတော်ဆောင်၊ သင်၏နှလုံး
ကိုယ်တော်ရှုမှတ်၊ အားပေး၊ ချီးမွမ်း။
အမှုတော်ကိုဆောင်လျှင်မရှုံး။
ကောင်းကျိုးစည်းစိမ်ဝင်စားလတံ့။
၄ အမှုတော်ဆောင်၊ ဆောင်လျှက်ရွှင်လန်း။
ပင်ပန်းခြင်းနောက်၊ အိမ်မှာငြိမ်းခြင်း။
ငါလာမည်ဟုသန်းခေါင်အသံ
သင်ကြားလိမ့်မည်မကြာမမြင့်။