မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 72 ချီးမွမ်းကျူး
1
ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊
လူအပေါင်းတို့မေတ္တာတော်ကိုကြွေးကြော်။
ဘုန်းအာနုဘော်ကိုယ်တော်၌မြဲရှိပါစေသော်၊
ကောင်းကင်တမန်မင်းများတို့ပြောကြလော့။
သိုးထိန်းကဲ့သို့ယေရှုသည်သူငယ်များအား၊
တစ်နေ့လုံးလက်တော်နှင့်ပွေ့ဆောင်ပို့လို။
2
ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ၊
ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။
3
ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊
ကိုယ်တော်မြတ်သည် လက်ဝါးကပ်တိုင်ပေါ်မှာ။
ကျွန်ုပ်တို့၏ပြစ်များကြောင့်ခံထိုက်သောဒဏ်ပင်၊
ခံတော်မူကာအမှန်ကယ်တင်မူရှာ။ ကျွန်ုပ်တို့ဝမ်းနည်းကြေကွဲခြင်းဆောင်မူရှာ၊
ချီးမွမ်း၍မကုန်မေတ္တာတော်ဂုဏ်ကို။
4
ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊
ကောင်းကင်ဘုံမှာနာမတော်ချီးမွမ်းကြ။
စဉ်မပြတ်အုပ်စိုးတော်မူမည်ယေရှုသခင်၊
သရဖူကိုခေါင်းတော်ပေါ်မှာဆောင်းရ။
ရန်သူတို့ကိုအောင်ခြင်းငှါကိုယ်တော်ကြွလာ၊
ဘုန်းတန်ခိုးကိုယ်တော်၌တည်စေသတည်း။