မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 57 ခရစ်တော်နှင့်မျက်နှာချင်းဆိုင်ကျူး
1
ယေရှုနှင့်မျက်နှာချင်းဆိုင်သော်၊
ဘယ်ကဲ့သို့ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်တွက်သေခံရှင်ကိုယ်တော်၊
ဝမ်းမြောက်စွာဖူးတွေ့မည်တည်း။
2
မျက်နှာချင်းဆိုင်ဖူးမြင်ရမှာ၊ ကောင်းကင်ကြယ်များတစ်ဖက်မှာ၊
ဘုန်းကြီးအရှင်မျက်နှာတော်အား၊ နောက်နောင်ဖူးရလိမ့်တကား။
3
ရှေ့တော်မှောက်တွင်ဝမ်းမြောက်ဝမ်းသာ၊
ဝမ်းနည်းနာခြင်းကွယ်ပျောက်ကင်း။
ကောက်သောလမ်းများဖြောင့်တန်းစေရာ၊
မှောင်မိုက်အရာထင်ရှားလင်း။
4
ဖူးတွေ့ရသောချိန်မင်္ဂလာ၊ မျက်နှာချင်းဆိုင်သိမြင်ရာ။
ရွေးနုတ်ရှင်နှင့်မျက်နှာဆိုင်မှာ၊
ယေရှုရှင်မည်မျှချစ်ရှာ။