မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 54 ပြစ်သားများယေရှုလက်ခံကျူး
1
ပြစ်သားများယေရှုလက်ခံ၊ ကရုဏာသတင်းပြောလော့၊
ကောင်းကင်လမ်းမှလွဲသူထံ၊ လဲကျသူထံဟောပြောလော့။
2
သီဆိုလော့၊ ထပ်ခါကျူးလော့၊ ပြစ်သားများယေရှုလက်ခံ၊
သတင်းပြောလော့ပြစ်သားထံ၊ ယေရှုရှင်ပြစ်သားလက်ခံ။
3
လာကြလော့ချမ်းသာပေးမည်၊ ကိုးစားလော့ယေရှုမိန့်သံ၊
အယုတ်ဆုံးပင်လက်ခံမည်၊ ပြစ်သားများယေရှုလက်ခံ။
4
ခုသြတ္တပ္ပစိတ်ရှင်းပြီ၊ ပညတ်ရှေ့၌စင်ကြယ်ပြီ၊
ငါ့ကိုစင်ကြယ်စေသူပင်၊ ပီတိဖြစ်မှာအမှန်ပင်။
5
ပြစ်သားများယေရှုလက်ခံ၊ ယုတ်ဆုံးငါ့ကိုပင်လက်ခံ၊
ရှိသမျှပြစ်ဆေးကြောပြီ၊ ကောင်းကင်သို့သူနှင့်ဝင်မည်။