မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 254 ကောင်းကင်ကိုရောက်ရှိချိန်ခါကျူး
1
ယေရှုအံ့ဖွယ်မေတ္တာတော်နှင့်၊ ကျေးဇူးကရုဏာချီးမွမ်း၊
ထွန်းတောက်အိမ်မင်္ဂလာရှိမှာ၊ နေရာများပြင်ဆင်လျက်ထား။
2
ကောင်းကင်ကိုရောက်ရှိချိန်ခါ၊ မည်မျှဝမ်းသာပျော်ရွှင်နေ့ဖြစ်မည်နည်း၊
ယေရှုအားဖူးတွေ့မည်၊ အောင်မြင်ခြင်းဟစ်ကြွေးသီဆိုမည်။
3
ဘုရားဖူးလမ်းလျှောက်သွားစဉ်ခါ၊ ကောင်းကင်မိုးတိမ်များကွယ်လာ၊
ခရီးလမ်းဆုံးနေ့များလွန်သွား၊ မှောင်ရိပ်ညည်းတွားမရှိရာ။
4
နေ့စဉ်ကိုးစားဆက်ကပ်သက်ရှင်၊ မှန်ကန်ယုံကြည်ခြင်း၌တည်၊
ဘုန်းတော်ခဏမျှမြင်ရလျှင်၊ ပင်ပန်းရာပျော်ရွှင်နိုင်မှာ။
5
ရှေ့မှာဆုလာဘ်မရောက်မီတိုင်၊ မကြာမီတင့်တယ်ခြင်းဖို့၊
ပုလဲတံခါးဖွင့်မည်မကြာ၊ လျှောက်လှမ်းသွားမည်ရွှေစင်လမ်း။