မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 174 မြစ်နားမှာစုရုံးကြမည်လားကျူး
1
ထွန်းတောက်တမန်တို့လျှောက်ကြသော၊
မြစ်မှာစုရုံးကြမည်လား၊ ဘုရားပလ္လင်တော်နားစီးသော၊
ထာဝရကြည်လင်စမ်းနား။
2
ဟုတ်ပေမြစ်နားမှာစုရုံးလာ၊ တင့်တယ်လှသော၊
တင့်တယ်လှသောမြစ်မှာ၊ သန့်ရှင်းသူများနှင့်မြစ်မှာစုလာ၊
ပလ္လင်တော်နားမှာစီးလာ။
3
နေရောင်ခြည်ပြောက်ထွန်းတောက်ထိုးသော၊
သက်စမ်းရေမြစ်ကမ်းပါးမှာ၊ အစဉ်ထာဝရသာယာသော၊
နေ့၌လမ်းလျှောက်ဝတ်ပြရာ။
4
ထိုထွန်းတောက်မြစ်သို့မရောက်မီ၊ ကျွန်ုပ်တို့ဝန်ထုပ်များချ၊
ကျေးဇူးတော်ကျွန်ုပ်ကိုကယ်မည်၊ ဝတ်ရုံသရဖူများရ။
5
ထိုထွန်းတောက်မြစ်မကြာရောက်ရာ၊ ခရီးဆုံးခန်းရောက်လုပြီ၊
သီချင်းသံဖြင့်ငြိမ်သက်သာယာ၊ ကျွန်ုပ်တို့ရွှင်မြူးကြမည်။