မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 151 အောက်ရှိမီးထွန်းလင်းတောက်စေလိုကျူး
1
ခမည်းတော်မြတ်မီးပြတိုက်မှ၊ ကရုဏာရောင်ခြည်ထွန်းသည်၊
သို့သော်လည်းကမ်းခြေကမီးမှာ၊ ကျွန်ုပ်တို့အပ်ထားလေပြီ။
2
အောက်ရှိမီးထွန်းလင်းတောက်စေလို၊
လှိုင်းတစ်ဖက်မီးရောင်ထိုးပေး။ အားလျော့နစ်နေသင်္ဘောသားကို၊
ကယ်နိုင်ကောင်းကယ်နိုင်ရာသေး။
3
အပြစ်မှောင်မိုက်ညဉ့်ဆိုက်ရောက်လာ၊
လှိုင်းတံပိုးပြင်းထန်ခတ်ချေ၊ လူများကမ်းခြေရှိမီးကိုသာ၊
မက်ကြီးစွာတောင့်တမျှော်နေ။
4
အစ်ကိုမှုန်သောမီးခွက်ပြင်ပါ၊ သင်္ဘောသားလှိုင်းပုတ်နေပြီ၊
ကမ်းသို့ရောက်ရန်ကြိုးစားနေရှာ၊
မှောင်၌ပျက်စီးမည်စိုးသည်။