မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 13 သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းကျူး
1
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊
အနန္တအရှင်၊ မိုးသောက်ယံ၌အကျွန်ုပ်တို့ချီးမွမ်းအစဉ်၊
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းကရုဏာစွမ်းကြီးရှင်၊
ဝေနေယျကိုအစဉ်အုပ်စိုးဘုရင်။
2
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊
ကောင်းကင်သားတို့သည်၊ သူတို့ပေါင်းကိုဖန်ရေကန်ရှေ့ချွတ်ကန်တော့ပြီ၊
ထောင်သောင်းသိန်းသန်းတို့သည်ပျပ်ဝပ်ကိုးကွယ်ကြသည်၊
ပစ္စုန်ပ္ပန်အတိတ်အနာဂတ်မြဲတည်။
3
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊
ဘုန်းတော်ကိုသခင်၊ မှောင်ဖုံးကွယ်၍လူမျက်စိဖြင့်မမြင်သော်ပင်၊
ကိုယ်တော်သာလျှင်သန့်ရှင်း၊ တုပြိုင်မရှိအရှင်၊
တန်ခိုးမေတ္တာစင်ကြယ်ခြင်းပြည့်စုံလင်။