မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 35 သိုးထိန်းတော် မေတ္တာရှင် ဘုရင်ကျူး သီချင်းစာသားများ
၁။ သိုးထိန်း မေတ္တာရှင်ဘုရင် အမြဲတည်ရှိကရုဏာ၊ ကိုယ်တော်နှင့် ဆက်ဆံခြင်းရှိလျှင် လိုသောအရာမရှိပါ။
၂။ ငြိမ်သက်သော မြစ်ရေရှိရာသို့ ငါ့ကို ဆောင်သွားတော်မူ၏စိမ်းလန်းသော စားကျက်များ၌လည်း အိပ်နေစေတော်မူပါ၏။
၃။ မိုက်မဲလျက် လမ်းလွဲသွားနေသော် မေတ္တာတော်နှင့် ရှာဖွေ၍ပခုံးတော်ပေါ် ယုယထမ်းလျက် အိမ်တော်သို့ဆောင်ယူမူ၏။
၄။ သေမင်းအရိပ် လွှမ်းမိုးချိုင့်မှာ ကိုယ်တော်ပါလျှင် မကြောက်ရလှံတံတော်နှင့် တောင်ဝှေးတော်သည် နှစ်သိမ့်စေတော်မူပါမည်။
၅။ အကျွန်ုပ် ရန်သူတို့ရှေ့တွင် စားပွဲပြင်ဆင်တော်မူသည် ကျေးဇူးတော်ဖြင့် ကျွန်ုပ်ဖလားလျှံ၍ ကျလျက်ရှိပါ၏။
၆။ ကျေးဇူးတော်နှင့် ကရုဏာတော် ထက်ကြပ်ပါရပါလိမ့်မည်၊ သိုးထိန်းတော်မြတ် အိမ်တော်၌ပင် ကျွန်ုပ်အစဉ် နေထိုင်မည်။ (အာမင်)