မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 291 ပျက်စီးလမ်းလွဲသူကို ကယ်ခြင်းကျူး သီချင်းစာသားများ
၁။ ပျက်စီးသူကယ်တင်ယူ၊ သေလုသူကြည့်ရှု၊ အပြစ်နှင့် သင်္ချိုင်းတွင်းမှ ကယ်နှုတ်ပါ၊ လမ်းလွဲသူဖို့ ငိုကြွေး၊ လဲသူချီပင့်လေ၊ ယေရှုရှင်ကယ်တင်နိုင်ကြောင်းကို ပြောပါ။
ထပ်ဆို : ပျက်စီးသူကိုကယ်တင် သေလုသူကြည့်ရှု၊ ကရုဏာတော်မြတ်ဖြင့် ယေရှုကယ်ယူ၊ အာမင်။
၂။ မထီမဲ့ပြုသော်လည်း၊ စောင့်လျက်နေသေး၏၊ နောင်တရသောသားကို လက်ခံခြင်းငှါ၊ စိတ်ပါလျက် နိုးဆော်ကြ၊ သွေးဆောင်ဖြည်းညှင်းစွာ၊ ယုံကြည်လျှင် ပြစ်လွှတ်ဆေးကြောမည် မှန်ပါ။
၃။ လူ၏ စိတ်အတွင်းမှာ စာတန်ဖျက်ဆီးရာ၊ ကရုဏာတော်ပြန်၍ ပြုပြင်နိုင်လေ၊ ချစ်ခြင်းမေတ္တာတော်ဖြင့် တို့တော်မူရလျှင်၊ ပျက်စီးနေခြင်းကို ပြန်ပြုပြင်နိုင်ပေ။
၄။ ပျက်စီးသူ ကယ်တင်ယူ၊ ဆောင်ရွက်ရန်အမှု၊ ဆောင်ရွက်နိုင်ရန် အားပေးမူမည် ကိုယ်တော်၊ ကျဉ်းမြောင်းရာလမ်းထဲသို့ တဖန်ပြန်လာဖို့၊ လမ်းလွဲသူအား ကိုယ်တော်သေခံကြောင်း ပြော။