မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 286 သာသနာတော်တည်ထွန်းခြင်းကျူး သီချင်းစာသားများ
၁။ ဆီးနှင်းဖုံးလွှမ်းမြောက်ပြည်မှ၊ တောင်မျက်နှာဆုံးတိုင်အောင်၊ ဝေနေယျလူအပေါင်းတို့၊ သမ္မာကျမ်းကို ကျင့်ဆောင်၊ ရှမ်း၊ ယိုးဒယား၊ တရုတ်ပြည်၊ မြန်မာ၊ ပသျှူး၊ ပသီ၊ နိုင်ငံလူမျိုးလွန်များစွာ မှန်သော ဘုရားကိုသိ။
၂။ ကောင်းကင် အလင်းတော်ခံသော၊ ယေရှုတပည့်တော်များ၊ ကယ်ချွတ်ကယ်တင်သော ကျေးဇူး၊ ဆင်ခြင်အောက်မေ့ကြပါ၊ ဝမ်းမြောက်ဖွယ်သော ကယ်တင်ခြင်း၊ ကျေးဇူးသတင်းကျော်စော၊ မြေကြီးတစ်ပြင် ပတ်ဝန်းကျင်၊ ထွန်းလင်းပါလေစေသော။
၃။ နေရောင်ခြည်ထွန်းတောက်ပျံ့လို၊ မဟာယေရှုသခင်၊ နိုင်ငံတော်၏ ဘုန်းတော်ကို ထွန်းလင်းစေပါ အရှင်၊ ကောင်းကင်ဘုံ၌ အလိုတော်၊ အစဉ်ပြည့်စုံလိုလေ၊ ကမ္ဘာမြေကြီးကုန်ဆုံးမှာ ပြည့်စုံတော်မူပါစေ။ အာမင်