မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 260 စွန့်ပစ်၍ မထားကျူး သီချင်းစာသားများ
၁။ လျှပ်စစ်ပြတ်ခြင်းကို မြင်ရပြီ၊ မိုးချုန်းသံလည်း ကြား၏၊ ကျွန်ုပ်၏ဝိညာဉ်ကို အောင်ရန် အပြစ်လှိုင်းလိုခတ်သည်၊ ခုခံ၍ တိုက်ခိုက်အောင်မြင်ရန် ယေရှုမိန့်သံကြား၏၊ တစ်ယောက်တည်း သင့်ကို ဘယ်ခါမျှ၊ ငါသည် စွန့်ပစ်၍ မထား။
ထပ်ဆို : သင် တစ်ယောက်တည်းသာ စွန့်ပစ်၍မထား၊ ကတိတော်ရှိသည်ကား၊ ငါသည် စွန့်ပစ်၍မထား၊ သင် တစ်ယောက်တည်းသာ စွန့်ပစ်၍မထား၊ ကတိတော်ရှိသည်ကား၊ ငါသည် စွန့်ပစ်၍မထား။
၂။ လောကစုံစမ်းနှောင့်ယှက်ခြင်းများ၊ မုန်တိုင်းလို တိုက်လျက်လာ၊ ကယ်ချွတ်ပိုင်ရှင်သည် အနားမှာ၊ ရပ်သောကြောင့်ချမ်းသာရ၊ လောက မိတ်ဆွေများစွန့်သောခါ၊ ဘေးမှ ကိုယ်တော်ကွယ်ကာ၊ တစ်ယောက်တည်း သင့်ကိုဘယ်ခါမျှ၊ ငါသည် စွန့်ပစ်၍မထား။
၃။ စုံစမ်းနှောင့်ယှက်ရာ ချိုင့်ထဲမှ စိုးရိမ်ခြင်း လမ်းလျှောက်သွား၊ လက်ဝါးကပ်တိုင်တော် လေးသောခါ၊ ကိုယ်တော်ရှင်သည် မစ၊ ကျွန်ုပ်ခြေကို မကူညီလျှင်၊ တိုင်တော်ပစ်ချထားချင်၊ တစ်ယောက်တည်း သင့်ကိုဘယ်ခါမျှ၊ ငါသည် စွန့်ပစ်၍မထား။
၄။ တောင်ပေါ်မှာ ကိုယ်တော်သေခံပြီ၊ နံဘေးကို ထိုးဖောက်သည်၊ ကိုယ်တော်သည် အကျွန်ုပ်တွက်တာ၊ သွေးတော်မြတ်ကို သွန်းရှာ၊ ကောင်းကင်ပလ္လင်ပေါ်မှာ ထိုင်၍ ကျွန်ုပ်ကို စောင့်လျက်နေ၊ တစ်ယောက်တည်း သင့်ကိုဘယ်ခါမျှ၊ ငါသည် စွန့်ပစ်၍မထား။