မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 220 ယေရှုရှင် ကိုယ်တော်ကို ချစ်ပါ၏ ကျူး သီချင်းစာသားများ
၁။ ကိုယ်တော်နှင့်ကျွန်ုပ် ဆိုင်သောကြောင့် ချစ်ပါ၏၊ ပြစ်ပျော်မွေ့ခြင်းမျိုးမျိုး ကိုယ်တော်ဖို့စွန့်မည်၊ ကိုယ်တော်မြတ်သည် ကျွန်ုပ်၏ ကယ်ချွတ်ရှင်ပေ၊ ကိုယ်တော်ကို ချစ်ခဲ့ဖူးလျှင် ခုပင်ဖြစ်ချေ။
၂။ အရင်ကျွန်ုပ်အား ချစ်သောကြောင့် ချစ်ပါ၏၊ တိုင်ပေါ် ကျွန်ုပ်တွက် ပြစ်လွှတ်ရန်သေခံပြီ၊ ဆူးရစ်ကိုဆောင်းသောကြောင့် ကိုယ်တော်ကို ချစ်ပေ၊ ကိုယ်တော်ကို ချစ်ခဲ့ဖူးလျှင် ခုပင်ဖြစ်ချေ။
၃။ သက်ရှင်စဉ် ချစ်မည်၊ သေသောခါလည်းချစ်မည်၊ သက်ရှုခွင့်ရသမျှ ကာလချီးမွမ်းမည်၊ သေချိန်ရောက်လုနီးသောအခါ မြွက်ဆိုစေ၊ ကိုယ်တော်ကို ချစ်ခဲ့ဖူးလျှင် ခုပင်ဖြစ်ချေ။
၄။ အစဉ်ဝမ်းမြောက်ဖွယ်ရာပြင်ထား အိမ်တော်မှာ၊ ကောင်းကင်တွင် ကိုယ်တော်ကို ကိုးကွယ်မည်မှန်ပါ၊ သရဖူကို ဆောင်းလျက် သီချင်းအေးကျူးမည်၊ ကိုယ်တော်ကို ချစ်ခဲ့ဖူးလျှင် ခုပင်ဖြစ်ချေ။