မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 17 ကိုယ်တော်နှင့်အတူ ရှိပါစေသောကျူး သီချင်းစာသားများ
၁။ ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊ သင့်ကို သွန်သင်လမ်းပြစောင့်မ သိုးခြံတွင် လုံခြုံစွာသိမ်းစေသော၊
ထပ်ဆို : ယေရှုရှင်ခြေတော်ရင်း၊ ပြန်၍ ကြုံတွေ့သည်တိုင်အောင် ကိုယ်တော်ရှင် သင်တို့နှင့်စဉ်မပြတ်အတူ ရှိပါစေ။
၂။ ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊ အတောင်တော်မြတ် အောက်မှာ ကွယ်ကာ၊ နေ့စဉ်မန္နမုန့်ကို ပေးစေသော။
၃။ ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊ ဒုက္ခထူထပ်ကျရောက်သောခါ၊ လက်တော်ဖြင့် သင့်ကို ပိုက်ဖက်စေသော။
၄။ ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊ ချစ်ခြင်းအလံလွှင့်ထူစေလျက်၊ သေခြင်းလှိုင်းတံပိုးကို ငြိမ်စေသော။ ကိုယ်တော်နှင့်အတူ ရှိပါစေသောကျူး ကိုယ်တော်နှင့်အတူ ရှိပါစေသောကျူး