မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 156 ဝန်ချကျူး သီချင်းစာသားများ
၁။ သခင်ဘုရားကယ်မသနား၊ ကျွန်ုပ်အပြစ်လွှတ်တော်မူပါ၊ ကရုဏာတော် ကြွယ်ဝတည်နေ၊ ခြေတော်ရင်း၌ ခိုလှုံပါစေ။
၂။ ကျွန်ုပ်အပြစ် လွန်ကြီးသော်လည်း၊ ကျေးဇူးတန်ခိုးတော်မှီနိုင်၏၊ ကိုယ်တော်မြတ်သည် အနန္တတည်း၊ ကရုဏာတော် ထိုနည်းဖြစ်သည်။
၃။ ကျွန်ုပ်ဝိညာဉ်ဆေးကြောတော်မူ၊ အပြစ်မျိုးမျိုးမှ စင်အောင်ပြု၊ ကျွန်ုပ်နှလုံးဝန်လေးပါ၏၊ လွန်ခဲ့အပြစ် ပူဆွေးစေသည်။
၄။ သို့ဖြစ်သော်လည်း တုန်လှုပ်ကြောက်ရွံ့၊ ကျမ်းစာတော်ကြည့်မျှော်လင့်ဖို့ရန်၊ ကတိတော်ကို ရှာဖွေသူလျှင် ကယ်မသနား၊ ဘုရားသခင်။ (အာမင်)