မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 139 ယေရှုထံသို့လာခြင်းကျူး သီချင်းစာသားများ
၁။ ကားတိုင်သို့ ကျွန်ုပ်လာသည်၊ ဆင်းရဲ မျက်စိကန်း၊ နွမ်းပါး၊ ကောင်းမှုများ အလျင်းမရှိ၊ ကယ်တင်ခြင်းမှန်တွေ့နိုင်ရာ။
ထပ်ဆို : မင်္ဂလာရှိ၊ သိုးသငယ်၊ ကိုယ်တော်ကိုကျွန်ုပ်ကိုးစား၊ ရိုသေစွာ ဉီးညွတ်မှီဝဲယေရှု၊ ခုကယ်တော်မူပါ။
၂။ ကြာကြာ ကျွန်ုပ်ဆိုးအားကြီး၊ ကိုယ်တော်ကိုကျွန်ုပ်အောက်မေ့၊ ယေရှုချိုသံကြားပါပြီ၊ သင့်အပြစ်ငါ့သွေးနှင့်ဆေး။
၃။ ကိုယ်တော်သည် အပိုင်ယူဖို့၊ မိတ်ဆွေများအချိန်ဉစ္စာ၊ နာမ်ဝိညာဉ် ကိုယ်ခန္ဓာကို၊ အားလုံးဆက်ကပ် ပူဇော်ပါ။
၄။ ကိုယ်တော်၏ ကတိယုံကြည် သွေးတော်သွန်းအကျိုးဆက်ဆံ၊ စိတ်နှလုံးနှိမ့်ချပါပြီ၊ ယေရှုနှင့်သေခြင်းကိုခံ။
၅။ ရောဂါမျိုးလုံးစုံ ကင်းရှင်း၊ ကျွန်ုပ်ကိုစုံလင်စေ၍၊ ကြွလာပြီ၊ ကျွန်ုပ်သခင်၊ ကိုယ်တော်၌ဘုန်းရှိပါစေ။