မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 115 ယေရှုကို ကြည့်ပါကျူး သီချင်းစာသားများ
၁။ ပြစ်နှိပ်စက်ခြင်းခံသူ ယေရှုကိုကြည့်ပါ၊ သင့်တွက် ကိုယ်တော်သေခံ ထံတော်ငြိမ်းရာရှာ၊ သင်၏ ဝမ်းနည်းခြင်းနှင့် ပြစ်ကိုဆောင်ယူပြီ၊ ယေရှုကိုသာ ကြည့်ပါ၊ ကိုယ်တော်ကို ယုံကြည်။
၂။ စစ်ပွဲတွင် တိုက်သူရဲ ယေရှုကို ကြည့်ပါ၊ စစ်ပွဲ ထူထပ်လာလျှင် စစ်တန်ဆာဆင်ပါ၊ ရန်သူများပြားလှ၍ သင်အားနည်းသော်လည်း၊ ယေရှုကိုသာ ကြည့်ပါ၊ ကိုယ်တော် အောင်လိမ့်မည်။
၃။ ပူပန်ဒုက္ခခံစဉ်၊ ယေရှုကိုကြည့်ပါ၊ မကြာခင် ခြေတော်ရင်းရောက်မည် နားနေရာ၊ ဧည့်သည်များကိုဖိတ်ထား၊ ပွဲသို့လာအံ့ငှါ၊ ယေရှုကိုသာ ကြည့်ပါ၊ ခြေတော်ရာ လျှောက်သွား။
၄။ ထာဝရပွဲတော်မှာ သန့်ရှင်းသူများသည်၊ သီချင်းဆိုကြသောခါ သင်လည်းဆိုရမည်၊ ဖန်ရေကန်တော်နားမှာ ဘုန်းတော်တွင်ခံစား၊ ယေရှုကိုသာ ကြည့်ပါ၊ ထာဝရကာလ။