မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 10 ဘုန်းတော် ခိုလှုံကျူး သီချင်းစာသားများ
၁။ ဘုန်းတော်ရှင်ဘုရင်၊ ကိုးကွယ်ဝတ်ပြုကြ၊ တန်ခိုးတော် ချစ်ခြင်းချီးမွမ်းလျက် သီကြကွယ်ကာလျက် စောင့်မသောအရှင် ဖြစ်ပေ၏၊ ဘုန်းတော်နှင့် ပြည့်စုံလျက် ချီးမြှောက်ခံထိုက်၏။
၂။ ကောင်းကင်ဘုံ အလင်းပြည့်စုံသော ဘုရား အာနုဘော်တော်ကို ကြေညာလျက် သီကြ မိုးကြိုးသံနှင့်တူသော အမျက်တော်ထွက်သည် စီရင်တော်မူချက်သည် နက်နဲလှပေ၏။
၃။ အံ့ဩဖွယ်ရာများ ပြည့်ဝသောမြေကြီး၊ အနန္တတန်ခိုး ဖန်ဆင်းတော်မူပြီ မလွဲနိုင်သော စီရင်ချက်အားဖြင့်တည်လျက် ပတ်ဝန်းကျင်၌ ပင်လယ်နှင့်ဝန်းရံစေပြီ။
၄။ ကြည့်ရှုတော်မူသော ဂုဏ်ကျေးဇူးတော်ကို ဖော်ပြသော သက်သေများပြားစွာရှိ၏ အသက်နှင့်အလင်း၊ မိုးရေ သစ်ပင်တောင်လည်း လူတို့ကို ကြည့်ရှုတော်မူကြောင်းကို ပြ၏။ (အာမင်)