မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 94 ၉၄ ယဇ်ပရောဟိတ်မင်းယေရှုကျူး။ သီချင်းစာသားများ
၁ ခမည်းတော်သည်အကျိန်တော်ဖြင့်
လူ့ယဇ်ပရောဟိတ်မင်းအရာ၊
သားတော်အားပေးတော်မူသည်နှင့်
ငါတို့အမှုဆောင်တွေ့ရကြ။
ငါတို့ခံရသည်နည်းတူပင်
စုံစမ်းနှောက်ရှက်ခြင်းခံမူပြီ၊
ကရုဏာ၊ တော်လျော်မစခြင်း
ခံရန်၊ ပလ္လင်သို့ချဉ်းကပ်၏။
၂ တရားမင်း၊ ငြိမ်သက်ခြင်းအရှင်၊
အလှူကိုခံ၊ ကောင်းကြီးကိုပေး။
စုံလင်ခြင်းသို့ပို့ဆောင်ပိုင်ရှင်
အစဉ်ကယ်တင်နိုင်တော်မူလေ။
အပြစ်မရှိ၊ မသေရလဲ။
မနေ့၊ ယနေ့၊ မပြောင်းမလဲ။
ကိုယ်ကိုပူဇော်ပြီ၊ တခါတည်း၊
ပြစ်ဖြေခြင်းမှုပြီးစီးမူပြီ။
၃ အသက်လမ်းသစ်၊ ကိုယ်တော်မြတ်သည်၊
အသွေးတော်ဖြင့်ဖွင့်တော်မူပြီ။
ထိုလမ်းကိုရှောက်လိုက်စိမ့်သောငှါ
နှလုံးစင်ကြယ်စေတော်မူရာ။
အပြစ်ဖြေသောအသွေးသူသည်
မထီမဲ့မြင်ပြုသောသူသည်
အခြားပြစ်ဖြေနိုင်သောယဇ်တို့
မပူဇော်နိုင်၊ မတွေ့၊ မရှိ။