မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 82 ၈၂ ဗက်လင်မြို့ငယ်ကျူး။ သီချင်းစာသားများ
၁ အို၊ သိပ်ငယ်သောဗက်လင်မြို့မှာ
တိတ်ဆိတ်စွာရှိနေခါ၊
သာယာငြိမ်သက်၊ လူတို့အိပ်ရာ။
ကြယ်များဖြတ်သန်းသွားလာ
မှောင်မိုက်လွှမ်းမိုးလမ်းပေါ်မှာ၊
စဉ်မြဲလင်းတော်ထွန်းခါ
နှစ်ပေါင်းများစွာ၊ မြော်လင့်လေရာ၊
ဤညတွင်ပြည့်စုံလာ။
၂ မယ်တော်မာရိသည်ထိုညမှာ
သားတော်ကိုဘွားသောခါ၊
ကောင်းကင်သားများကောင်းကင်ဘုံက၊
မေတ္တာတော်စောင့်ကြည့်ကြ။
မိုးသောက်ကြယ်များတူတကွ
ဘွားမြင်ကြောင်းကြွေးကြော်ကြ၊
ဘုရားဂုဏ်တော်ကိုချီးမွမ်းကြွေးကြော်၊
ငြိမ်သက်ခြင်းမြေကြီးပေါ်။
၃ ဗက်လင်မြို့သား၊ သူငယ်ဘုရား
ဆင်းသက်ကြွတော်မူပါ။
အပြစ်များကိုဖယ်ရှာပြီးခါ
စိတ်တွင်ကိန်းတော်မူပါ။
ဝမ်းမြောက်ဘွယ်ရာသိတင်းကို
ကောင်းကင်သားများမြွက်ဆို
ဧမာနွေလအရှင်ဘုရား၊
ကြွလာကိန်းတော်မူပါ။