မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 396 ၃၉၆ ခရစ်ယာန်ရောက်ရာကျူး။ သီချင်းစာသားများ
၁ ခရစ်ယာန်ရောက်ရာကောင်းကင်ပြည်တွင်၊
ငြိမ်သက်ချမ်းသာခြင်းတည်၏။
ငါတို့လိုရာပြည့်စုံဘို့လျှင်၊
ကယ်ချွတ်ရှင်သည်ကြွနှင့်ပြီ။
ထပ်ဆိုရန်။
ငြိမ်သက်ခြင်းမောသူရသည်။
ငါတို့ငြိမ်ရ၏။
ယောဒန်မြစ်တဘက်၌ဖြစ်လေ
သာယာဧဒင်ဥယျာဉ်မှာ၊
သက်ပင်ပွင့်လျက်နေသောပြည်ပေ၊
ငါတို့ငြိမ်ကြရာ။
၂ ငါတို့နေရာမြဲသောဗိမာန်၊
ပြင်ဆင်လျက်နေတော်မူလေ။
သန်ရှင်းသောထိုသုခပြည်မှာ၊
ခေတ္တသာတည်လျက်မနေ။
၃ နာခြင်း၊ အိုခြင်း၊ သေခြင်းကင်းရာ၊
ဒုက္ခဆင်းရဲလျှင်းမရှိ။
ထံတော်ပါးတွင်ရွှေပြည်တော်မှာ၊
သက်သရဖူကိုဆောင်းလိမ့်မည်။
၄ သေမင်းကိုယ်ကိုအောင်မြင်ပြီးမှ၊
သူ၏လက်နက်ဆူးနုတ်ရ။
ရွေးနုတ်ခွင့်ကိုရသောသူများ၊
ဝမ်းသာကျူးဧချီးမွမ်းကြ၊
၅ ဘုန်းတော်မွေခံ၊ သီချင်းဆိုလေ။
အောင်သံများကိုကြွေးကြော်ကြ။
ဇိအုန်မြို့တံခါးများပွင့်ပေ။
သင်တို့ရွှင်စွာဝင်ကြရာ။