မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 367 ၃၆၇ ကိုယ်တော်ကိုသိလိမ့်မည်ကျူး။ သီချင်းစာသားများ
၁ သက်တာလမ်းဆုံးသောကာလ၊
သေခြင်းမြစ်ကိုကူးရမည်။
ဘုန်းတော်ထွန်းလင်းရောင်ခြည်တော်ကိုမြင်လိမ့်မည်။
ရွှေပြည်တော်ရောက်ရသောခါ၊
ကယ်တင်ရှင်ကိုဖူးမြင်မည်။
ပြုံးတော်မူလျက်ကိုယ်တော်ရှင်သည်ဆီးကြိုမည်။
ထပ်ဆိုရန်
ကိုယ်တော်ရှင်ကိုသိပါလိမ့်မည်။
ပြစ်လွတ်လျက်ထံတော်ပါးရပ်ရမည်။
ကိုယ်တော်ရှင်ကိုသိပါလိမ့်မည်။
လက်ဝါးမှာသံချက်တော်ဖြင့်သိမည်။
၂ မျက်နှာတော်ဖူးတွေ့ရသော်ဝမ်းမြောက်ခြင်းသည်စုံလင်မည်။
မျက်စိတော်သည်ကရုဏာဖြင့်ထွန်းလင်းမည်။
ကရုဏာ၊ မေတ္တာတော်နှင့်ကျေးဇူးတော်ကြောင့်ချီးမွမ်းမည်။
ရွှေပြည်တော်မှာကျွန်ုပ်ဘို့အခန်းသင့်ရှိ။
၃ ချစ်သူများသည်ကောင်းကင်မှ ကျွန်ုပ်ကိုလက်ရပ်ခေါ်၏။
သေခြင်းမြစ်မှာခွဲခွါရခြင်းမှတ်မိသည်
ပျော်မွေ့ရာဧဒင်ရပ်မှာသူတို့သည်ဆီးကြိုကြမည်။
ကိုယ်တော်ကိုသာရှေ့ဦးစွာဖူးမြင်ချင်သည်။
၄ ဖြူဝတ်လုံဝတ်ဆင်လျက်နှင့်၊ ငိုခြင်းကင်းသောမြို့တော်သို့
ကိုယ်တော်ရှင်သည်ကျွန်ုပ်ကိုပင်ပို့ဆောင်မည်။
ရွှင်လန်းစွာကောင်းကင်သားနှင့်သီချင်းကိုဆိုရသော်လည်း
ကိုယ်တော်ကိုသာရှေ့ဦးစွာဖူးမြင်ချင်သည်။