မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 232 ၂၃၂ သင့်ဘို့ငါအသက်ပေးကျူး။ သီချင်းစာသားများ
၁ ငါကားသင်၏အတွက်၊
ငါ့သွေးမြတ်သွန်းလောင်း၏။
သင်သည်ရွေးခြင်းခံလျက်၊
သေခြင်းမှရှင်ရသည်။
ငါသည်သင်၏အတွက်သေ၏။
ငါ့တွက်သင်ဘာပြုနည်း။
၂ ခမည်းတော်နေဋ္ဌာနာ၊
ငါ့ဘုန်းဖုံးလွှမ်းပလ္လင်၊
မြေကြီးမှောင်မိုက်ညဉ့်မှာ၊
လှည့်လည်ရန်ငါစွန့်ဆင်း။
သင့်ဘို့ပင်ငါချွတ်ပယ်စွန့်သည်၊
ငါတို့သင်ဘာစွန့်နည်း။
၃ သင့်တွက်၊ သင်ကြံမမှီ၊
ဒုက္ခကြီးစွာခံလျှင်၊
ငရဲနှင့်သင်လွတ်မည်။
သင်၏ကိုယ်စားငါဝင်။
သင်၏အတွက်သာငါခံသည်။
ငါ့ဘို့သင်ဘာခံနည်း။
၄ ငါ့နေရာကောင်းကင်မှ၊
ပြစ်လုံးလုံးဖြေလွှတ်ခြင်း။
ဆုကျေးဇူးကြွယ်ဝစွာ၊
ဆောင်ခဲ့၊ ချပေး၊ သွတ်သွင်း။
သင့်အားဆုများစွာငါပေးပြီ
ငါ့အားသင်ဘာလှူနည်း။