မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 219 ၂၁၉ မိနစ်တိုင်း။ မိနစ်တိုင်းကျူး။ သီချင်းစာသားများ
၁ ကျွန်ုပ်ယေရှုနှင့်အတူသေပြီ။
ကိုယ်တော်ဆိုင်သောအသက်မြတ်ရှင်နေသည်၊
မျှော်ကြည့်လျက်၊ ဘုန်းတော်ရောင်ကိုမြင်သည်တိုင်
မိနစ်တိုင်း၊ အိုသခင်၊ ကျွန်ုပ်ကိုပိုင်။
ထပ်ဆိုရန်။
မိနစ်တိုင်း၊ မိနစ်တိုင်းချစ်ခြင်း၌တည်။
မိနစ်တိုင်း၊ အသက်လည်းထက်မှရသည်။
ဘုန်းတော်ကျွန်ုပ်ကိုဝိုင်းဝန်းသည်တိုင်အောင်
မိနစ်တိုင်း၊ အိုသခင်၊ ကျွန်ုပ်ကိုစောင့်၊
၂ ယေရှုသင့်ဒုက္ခများခံဘူးပါ၏။
ကိုယ်တော်သင့်လေးသောဝန်ကိုထမ်းပါသည်၊ သူမဆက်ဆံသောဝမ်းနည်းခြင်းမရှိ။
မိနစ်တိုင်း၊ ကြည့်ရှုတော်မူခြင်းခံ၏။
၃ စိတ်နာကြည်းခြင်းရှိလျှင်ညည်းတွားခြင်းလည်း
မျက်ရည်ယိုစီးလျှင်၊ အော်ဟစ်ခြင်းတွက်လည်း
ဘယ်ဘေးမဆိုလျှင်၊ ပလ္လင်တော်ပေါ်တွင်
ကိုယ်တော်သည်အောက်မေ့တော်မူသည်အစဉ်။
၄ အားလျော့ခြင်းရှိလျှင်ကိုယ်တော်လည်းခံတတ်။
ရောဂါမျိုးမျိုးမဆိုကိုပျောက်စေတတ်။
သုခ၌ဖြစ်စေ၊ ဒုက္ခ၌ဖြစ်စေ၊
သခင်ယေရှုကျွန်ုပ်၌တည်နေပေ။