မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 209 ၂၀၉ ကိုယ်တော်ကဲ့သို့ပြန်ပြောဘို့ရာကျူး။ သီချင်းစာသားများ
၁ ကိုယ်တော်ကဲ့သို့ပြန်ပြောဘို့ရာ၊
ကိုယ်တော်ရှင်သည်မိန့်တော်မူပါ။
လမ်းလွဲလျက်ပျက်စီးသူတို့ကို၊
ကိုယ်တော်လိုလိုက်၍ရှာဖွေလို။
၂ လမ်းလွဲသူကိုလမ်းပြသည်လို။
ကျွန်ုပ်ကိုလည်းလမ်းမှန်ဆောင်ပို့၊
ဆာမွတ်သူကိုကျွေးသည့်ပမာ၊
ကျွန်ုပ်ကိုကျွေးမွေးတော်မူပါ။
၃ ကျောက်မြစ်ပေါ်မှာရပ်နေစဉ်ခါ၊
ကိုယ်တော်ရှင်သည်ခွန်အားပေးပါ။
ပျက်စီးသူများကိုကယ်ဘို့ရာ၊
ခွန်အားကိုကျွန်ုပ်အားသနား။