မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 147 ၁၄၇ တံခါးခေါက်ခြင်းကျူး။ သီချင်းစာသားများ
၁ ဧည့်သည်တပါးရောက်လာရပ်နေ၊
တံခါးခေါက်ပေ၊ ယခုခေါက်မူ၊
စောင့်နေကြာပြီ၊ စောင့်လျက်နေသေး။
ဘယ်မိတ်ဆွေထိုသို့မပြု။
၂ မိတ်ဆွေစင်စစ်တွေ့ပါမည်လော။
ဟုတ်ပေ၊ သင်လိုသောမိတ်ဆွေတည်း။
ရှေးနာဇရက်မြို့၌ကြီးသော၊
ကိုယ်သွေးတော်စွန့်ယေရှုဖြစ်သည်။
၃ အိုချစ်လှဘွယ်ကိုယ်တော်ရပ်သည်၊
နှလုံးတော်ချစ်၊ လက်တော်ဆုလေး။
ကရုဏာတော်အတုမရှိ၊
ရန်သူတို့ပင်ခံစားရချေ။
၄ လက်ခံ၊ အမျက်တော်ကိုကြောက်လော့။
လှည့်သွားမူလျှင်၊ ပြန်တော်မလာ။
သင်လည်းတံခါးတော်ရှေ့ရပ်သော်၊
ပယ်တော်မူခြင်းကိုခံရရှာ။