မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 143 ၁၄၃ လောက၏အလင်းကျူး။ သီချင်းစာသားများ
၁ ဤလောကသည်အပြစ်မှောင်မိုက်၌ကျင်လည်၊
လောက၏အလင်းယေရှုတည်း။
နေ့ချိန်နေလင်းကဲ့သို့၊ ဘုန်းတော်ထွန်းလင်းသည်။
လောက၏အလင်းယေရှုတည်း။
ထပ်ဆိုရန်။
ငါ့ထံသို့လာ၊ သင့်တို့ထွန်းတောက်နေ၊
ဖြည်းညှင်းစွာငပေါ်သို့ထွန်းလင်းပေ။
ကန်းသောမျက်စိ၊ ယခုမြင်နိုင်လေ၊
လောက၏ အလင်းယေရှုတည်း။
၂ ယေရှုတွင်တည်နေသူ၌မှောင်မိုက်မရှိ။
လောက၏အလင်းယေရှုတည်း၊
လမ်းပြနောက်တော်လိုက်စဉ်အလင်းတွင်ရှောက်သည်
လောက၏အလင်းယေရှုတည်း။
၃ ပြစ်ဖြင့်မျက်စိကန်း၊ မှောင်မိုက်တွင်ကျယ်လည်သူ၊
လောက၏အလင်းယေရှုတည်း။
မိန့်တော်မူရာရပ်တွင်ဆေးကြော်လျှင်မြင်မူ။
လောက၏အလင်းယေရှုတည်း။
၄ ကောင်းကင်ဘုံတွင်နေအလင်းအလိုမရှိ။
လောက၏အလင်းယေရှုတည်း။
ရွှေပြည်တော်မှာ၊ သိုးသငယ်အလင်းဖြစ်၏။
လောက၏အလင်းယေရှုတည်း။