မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 129 ၁၂၉ ကျေးဇူးတော်ကျူး။ သီချင်းစာသားများ
၁ အိုရှင်ယေရှုမြတ်ကျေးဇူးတော်
အောက်မေ့မကုန်နိုင်ပါ၊
အကျွန်ုပ်သည်အကျိုးနည်းသော်၊
ကိုယ်တော်ကယ်မသနား။
၂ ပြစ်များစွာကြောင့်၊ ခမည်းတော်၏
အမျက်တော်ခံထိုက်ရာ၊
ကိုယ်တော်လျှင်စွာကောင်းကင်စွန့်သည်၊
အသေခံပါတကား။
၃ ခမည်းဘုရားကလည်းအားရ၊
ငါ့သားတော်ကိုယုံကြည်။
အပြစ်ကြီးငယ်ရှိရှိသမျှ
ငါရှင်းရှင်းဖြေလွှတ်မည်။
၄ အိုကျေးဇူးရှင်၊ ကမ္ဘာဆက်ဆက်
မေတ္တာတော်ကိုအောက်မေ့၊
မြတ်ကိုယ်တော်နှင့်ထိုက်တန်သူဖြစ်လျက်၊
ချီးမွမ်း၍နေပါစေ။