မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 121 ၁၂၁ လက်ဝါးကပ်တိုင်တော်အောက်ကျူး။ သီချင်းစာသားများ
၁ လက်ဝါးကပ်တိုင်တော်အောက်တွင်၊
ငါသည်ခိုလှုံလိုလေ။
နေပူပြင်းသောဒေသ၌ပင်၊
ကျောက်လုံးကြီးရိပ်လိုပေ။
ဒေါသမုန်တိုင်းကျသောအခါ၊
ဘေးပေါင်းကွယ်ကာရာတည်း။
ဝန်လေးသောသူဝန်ချထားရာ၊
မောသူနားရာဖြစ်သည်။
၂ အိုလုံခြုံသောကွယ်ကာရာ၊
အထူးတည်းခိုဘွယ်လေ။
အာဏာတော်နှင့်ဘုရားမေတ္တာ၊
တွေ့ကြုံဆုံစည်းရာပေ။
ရှေးခါ၊ ယာကုပ်မြင်မက်သည်လို၊
နိမိတ်ထူးမြတ်လှလေ။
ယေရှုတိုင်တော်လှေကားကဲ့သို့၊
ကောင်းကင်မှီရာဖြစ်ပေ။
၃ ထိုတိုင်တော်မြတ်အပေါ်တွင်၊
တရံတခါကြည့်သော်။
ငါ့တွက်သေခံသဏ္ဍာန်တော်ပင်။
ငါမြင်သည်လိုထင်ပေါ်၊
ထိုသို့မြင်တိုင်းမျက်ရည်ကျစဉ်၊
အံ့ဘွယ်နှစ်ခုတွေ့သည်။
အတုမရှိမေတ္တာတော်နှင့်၊
ကျွန်ုပ်ယုတ်ညံ့ခြင်းတည်း။
၄ ထိုတိုင်တော်မြတ်အရိပ်သာ၊
ငါခိုလှုံရာဖြစ်စေ။
မျက်နှာရောင်ခြည်ထွန်းတော်ကမူရာ။
ငါ၏အလင်းဖြစ်လေ။
သို့ဖြစ်၊ လောကီစည်းစိမ်းဆင်းရဲ။
အရှုံးအမြတ်မထင်။
ကိုယ်ပြစ်ကိုသာရှက်ရာဖြစ်ဘွယ်၊
တိုင်တော်ငါဝါကြွားရာ။