မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 101 ၁၀၁ မြတ်လှနာမကျူး။ သီချင်းစာသားများ
၁ ယေရှုမြတ်နာမတော်ယူပါ
စိတ်ပင်ပန်းဝန်လေးသောသူ။
နှစ်သိမ့်ဝမ်းသာခြင်းကြောင်းဖြစ်ရာ
သွားလေရာရာပါဆောင်ယူ။
ထပ်ဆိုရန်။
မြတ်နာမ၊ ချိုသာလှ၊
မြေနှင့်ကောင်းကင်ရွှင်မြူးရာ။ ၂ ခါ။
၂ ယေရှုနာမမြဲစွဲယူပါ။
ဘေးရန်မျိုးအကွယ်အကာ၊
သွေးဆောင်ခြင်းမှုနှောင့်ရှက်လာခါ
နာမတော်နှင့်ဆုတောင်းပါ။
၃ အိုမြတ်လှရှင်ယေရှုနာမ၊
ဘယ်မျှစိတ်ရွှင်လန်းစေသည်။
မေတ္တာလက်တော်နှင့် သိမ်းမှုခါ၊
ထောမနာသီချင်းဆိုမည်။
၄ လမ်းဆုံကောင်းကင်ဘုံသို့ရောက်လျှင်၊
မြတ်နာမတော်သံကြား၍၊
ခြေတော်ရင်း၌ဦးညွတ်ချစဉ်၊
မင်းတကာမင်းခေါ်မြှောက်မည်။