မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၅၉ ခရစ်တော်၌အရှေ့အနောက်မရှိကျူး။ သီချင်းစာသားများ
၁ အရှေ့အနောက်တောင်မြောက်နိုင်ငံ၊
ခရစ်တော်၌မရှိ၊
မဟာမေတ္တာမိသဟာယ၊
ကမ္ဘာဝှမ်းလုံး၌တည်။
၂ စိတ်နှလုံးဖြောင့်မတ်တည်ကြည်သူ၊
ကိုယ်တော်နှင့်ဆက်ဆံ၏။
မှုတော်ဆောင်ခြင်းဖြင့်လူမျိုးပေါင်း၊
စီးလုံးညီညာစေသည်။
၃ ယုံကြည်သူအပေါင်းစုရုံးကြ၊
လူမျိုးခြားဖြစ်လျက်ပင်။
အဘအလိုလိုက်ရှောက်သောသား၊
ညီအစ်ကိုစစ်ဖြစ်ပေ။
၄ အရှေ့အနောက်တောင်မြောက်နိုင်ငံ၊
ခရစ်တော်၌ဆုံတွေ့။
ခရစ်တော်စိတ်ရှိသူတို့သည်၊
တလုံးတဝတည်၏။