မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၅၅ ရိတ်ချိန်တွင်ဘယ်သို့နည်းကျူး။ သီချင်းစာသားများ
၁ နံနက်စောစောမျိုးစေ့ကြဲကြလေ၊
မွန်းတည့်ချိန်၌လည်းအားထုတ်ပါစေ။
နေ့ဧချိန်တွင်လည်းကြိုးစားကြလေ။
ညဉ့်အချိန်တွင်လည်း စိုက်ပျိုးကြစေ။
ထပ်ဆိုရန်။ –
အို၊ ရိတ်ချိန်တွင်ဘယ်သို့နည်း။
အို၊ ရိတ်ချိန်တွင်ဘယ်သို့နည်း။
နေ့တွင်စိုက်ပျိုးသည်နည်း၊ ညတွင်စိုက်လေ။
အားရှိချိန်စိုက်သည်နည်း၊ အားနည်းချိန်စိုက်။
အနန္တကာလဘို့စိုက်ပျိုးကြ၊
စုသိမ်းချိန်ရောက်ရလိမ့်တကား။
၂ ချို့သောစေ့ကား၊ လမ်း၌ကျပျောက်၏။
ချို့သောစေ့ကား၊ ကျောက်တွင်ကျသေ၏။
ချို့သောစေ့ကား၊ ဆူးဖြင့်ပျက်ကုန်၏။
ချို့သောစေ့၊ ကောင်းသောမြေ၌ပေါက်၏။
၃ ဒုက္ခခံလျက်၊ မျိုးစေ့ကြဲကြလေ၊
သူရူးကဲ့သို့ပင်၊ ကြဲဖြန့်ပါစေ။
ရှုပ်ချခြင်းခံလျက်အားထုပ်ကြလေ။
အရှက်ခံလျက်နှင့်စိုက်ပျိုးကြစေ။
၄ ကျိုးပဲ့စိတ်နှင့်မျိုးစေ့ကြဲကြလေ။
မျက်ရည်ကျလျက်နှင့် ကြိုးစားပါစေ။
ရိတ်သူလာသည်တိုင်အောင်အားထုတ်လေ၊
စုသိမ်းချိန်တိုင်အောင်စိုက်ပျိုးကြစေ။