မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၅၃ ဧဝံဂေလိခေါင်းလောင်းကျူး။ သီချင်းစာသားများ
၁ ဝမ်းမြောက်ဘွယ်သိတင်းမြတ်ကို၊
တပြည်မှတပြည်တိုင်အောင်။
နှံ့ပြားကြော်ငြာခေါင်းလောင်းသံလို၊
ငါတို့အားမိန့်သော်နားထောင်။
ဘုရား၏သားတော်ကို၊
ယုံကြည်သူအပေါင်းတို့သည်။
ပျက်စီးခြင်းသို့မရောက်စေလို၊
ထာဝရအသက်ပေးမည်။
ထပ်ဆိုရန်။ –
ချိုဘွယ်သံ၊ အို၊ နားခံ၊
အပြစ်ရှိသူလူခပ်သိမ်း။
ချိုဘွယ်သံ၊ အို၊ နားခံ၊
ထိုမှသာမျက်တော်ပြေငြိမ်း။
၂ လူအပေါင်းတို့လာကြပါ၊
ခေါင်းလောင်းသံများခေါ်ဘိတ်သည်။
ဘုရားသခင်ကျေးဇူးသာယာ၊
မပယ်ပါနှင့်အစ်ကိုညီ။
ငါသည်သက်မုန့်ပေတည်း။
ဘိုးမပေးဘဲစားသူသည်။
အပြစ်များဖြင့်နီကွက်သော်လည်း။
သိုးမွေးလိုဖြူစင်လိမ့်မည်။
၃ နားမထောင်ဘဲနေသူသည်၊
အဘယ်ကဲ့သို့ခံရမည်။
ထိုခေါင်းလောင်းမြတ်အသံချိုဘွယ်
သတိပေးသည်စဉ်အမြဲ။ အသက်ချမ်းသာစိမ့်ငှါ။
မဆိုင်းဘဲပြေးသွားကြပါ။
နောက်ဘက်သို့လည်းပြန်မကြည့်နှင့်။
သို့မဟုတ်ဆုံးရှုံးလိမ့်မည်။