မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၄၉ ပြောစရာရှိသည်ကျူး။ သီချင်းစာသားများ
၁ လူမျိုးအားပြောပြရာဝတ္တုရှိသည်၊
ထိုဝတ္တုဖြင့်စိတ်ပြောင်းလဲမည်။
ချိုသာသောဝတ္တုတော်မှန်၏။
ငြိမ်သက်ခြင်းအလင်းနှင့်ပြည့်။
ငြိမ်သက်ခြင်းအလင်းနှင့်ပြည့်။
ထပ်ဆိုရန်။ –
မှောင်မိုက်ခြင်းသည် အလင်းဖြစ်လိမ့်မည်။
နံနက်ချိန်မွန်းတည့်လိုလင်းမည်။
နိုင်ငံတော်သည်မြေပေါ်မှာတည်မည်။
မေတ္တာလင်းနိုင်ငံတည်း။
၂ လူမျိုးအားဆိုပြရန်သီချင်းရှိသည်၊
ကိုယ်တော်ကိုသူတို့ချီးမွမ်းမည်။
ထိုသီချင်းအားဖြင့်ပြစ်အောင်မည်၊
ကြမ်းတမ်းမှုပပျောက်စေမည်။
၃ လူမျိုးအားပြရန်ကယ်တင်ရှင်ရှိသည်၊
ကိုယ်တော်သည်ဒုက္ခခံခဲ့ပြီ။
မြေသားအပေါင်းသည်ဘုရား၏၊
သစ္စာတရားသိစေအံ့။
သစ္စာတရားသိစေအံ့။