မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၄၄ လက်တင်မင်္ဂလာပေးခြင်းကျူး။ သီချင်းစာသားများ
၁ အသင်ဦးခေါင်း၊ သခင်ဘုရား၊
အမှုတော်ဆောင်ကိုယ်တော်ကျွန်အား
ဗျာဒိတ်တော်တိုင်းကျွန်ုပ်တို့သည်၊
ခုလက်တင်မင်္ဂလာပေးပြီ။
၂ တရားတော်မြတ်ဟောပြောခြင်းနှင့်၊
အဓိပ္ပါယ်လင်းစွာဖွင့်ပြခြင်း၊
သင်းအုပ်ကျင့်ဝတ်တရားမျိုးကို၊
အစဉ်ကျင့်ဆောင်နိုင်ပါစေလို။
၃ နှစ်ခြင်းကိုတောင်းသူပေါ်လာလျှင်၊
နောင်တသဘောနှင့်ယုံကြည်ခြင်း၊
သူ့လက္ခဏာပိုင်းခြားစိမ့်ငှါ၊
သမ္မာသတ်ရှိစေမူပါ။
၄ နောင်၊ ပွဲတော်ခံဘို့ချိန်တိုင်သော်၊
အသွေးအသားတော်ပုံဖြစ်သော
စပျစ်ရည်၊ မုန့်ကိုကိုင်သောခါ၊
သန့်ရှင်းခြင်းရှိစေတော်မူပါ။
၅ ကိုယ်တော်၏ကျွန်သောသည်တိုင်အောင်၊
မသွေ၊ တည်ကြည်ပါမည်အကြောင်း၊
ဘဝပြောင်းသော်၊ အထံတော်ပါး၊
ခစားအခွင့်ကယ်မသနား။