မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၂၄ ဥပုသ်နေ့ကျူး။ သီချင်းစာသားများ
၁ ဤဥပုသ်နေ့ဗိမာန်တော်တွင်၊
လူတို့အပြစ်ဖြေလွှတ်အရှင်၊
သခင်ယေရှုကျေးဇူးတော်ကို၊
ရွှင်လန်းသောစိတ်နှင့်သီချင်းဆို။
၂ ဤနေ့တွင်ထိုမြတ်သောအရှင်၊
သေခြင်းမှထမြောက်တော်မူလျှင်၊
အပြစ်ငရဲလွတ်ရသောလမ်း၊
ဖွင့်တော်မူ၏၊ ချီးမွမ်းကုန်အံ့။
၃ ဤသာယာသောနေ့၊ လူအပေါင်း၊
ကယ်ချွတ်တရားတော်ကျေးဇူးကြောင့်၊
ဝမ်းမြောက်ရွှင်လန်းသောစိတ်နှလုံး၊
ရှိလျက်သီချင်းများဆိုကြကုန်။
၄ ဤနေ့မူကား၊ ဘုရား၏နေ့၊
တပည့်တော်များသိမှတ်ပါစေ။
မဟာကျေးဇူးအောက်မေ့ဘို့ရာ၊
ရွှင်လန်းသောစိတ်နှင့်စည်းဝေးကြ။
၅ ဝမ်းမြောက်သောစိတ်နှင့်ဥပုသ်စောင့်။
အလိုတော်ကိုသိမည်အကြောင်း။
တရားတော်ကိုစေ့စေ့နာခံ၊
ကျေးဇူးတော်ကိုခိုလှုံကုန်အံ့။