မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၁၄ သင်၏နေ့ရက်အတိုင်းအစွမ်းသတ္တိရှိမည်ကျူး။ သီချင်းစာသားများ
၁ ရန်သူကြီး၍ကြောက်လန့်လျှင်၊
မိန့်တော်မူသံကြားရအစဉ်၊
သင်၏နေ့ရက်ရှည်သည်အညီ၊
အစွမ်းသတ္တိလည်းရှိလိမ့်မည်။
ထပ်ဆိုရန်၊ –
ဂတိတော်သည်ရဲတိုက်ဖြစ်၏။
ထိုရဲတိုက်၌မှီခိုရသည်။
သင်၏နေ့ရက်ရှည်သည်အညီ၊
အစွမ်းသတ္တိလည်းရှိလိမ့်မည်။
၂ ထိုသို့ဂတိတော်ကိုခံစဉ်၊
စိတ်ပျက်ခြင်းနှင့်လုံးလုံးကင်းရှင်း၊
အကြောင်းမူကား၊ နေ့ရက်အညီ၊
အစွမ်းသတ္တိလည်းရှိလိမ့်မည်။
၃ ဘဝကိုပြောင်းရာနေ့၌ကား၊
စိတ်အားမလျော့ဝမ်းမြောက်သာယာ၊
ကျေးဇူးတော်ကိုချီးမွမ်းဆိုမည်။
နေ့နှင့်အညီအစွမ်းရှိပြီ။