မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၀၆ ဘုရားသားတော်စစ်ချီတော်မူခြင်းကျူး။ သီချင်းစာသားများ
၁ ဘုရင့်မကိုဋ်ရစိမ့်သောငှါ
ဘုရားသားတော်စစ်ချီ။
အလံတော်သည်အဝေးထင်ရှာ။
အဘယ်သူလိုက်သနည်း။
သခင်ဘုရားခံဒုက္ခပင်၊
ဆက်ဆံ၍အောင်မြင်သည်
လက်ဝါးကပ်တိုင်ထမ်းသဖြင့်၊
နောက်တော်လိုက်သူပေတည်း။
၂ သေမည်ဆဲဆဲရွှေကောင်းကင်မှာ၊
မိမိသခင်မြင်၍၊
ဆုတောင်းလျက်နှင့် အသက်ကုန်သွား။
စင်စစ်သတေဖန်ပေ။
ထိုသူကဲ့သို့ရန်သူတို့ဘို့
ဆုတောင်းနိုင်သောသူသည်
သခင်ယေရှုနောက်လိုက်သူတို့
ဧကန်အဝင်ဖြစ်၏။
၃ မဟာဝိညာဉ်ဆုကျေးဇူးရ၊
တကျိပ်နှစ်ပါးတို့လည်း
သေဘေးမကြောက်၊ မြော်လင့်နေကြ၊
အဆုံးတိုင်အောင်တည်ကြည်။
ခြင်္သေ့မက၊ မိုးထားသောထား၊
မကြောက်၊ အောင်လျှိုးခံသည်။
သန့်ရှင်းသူပေါင်းအဝင်အပါ၊
အဘယ်သူလိုက်သနည်း။