မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၀၅ နှိုးဆော်ကျူး။ သီချင်းစာသားများ
၁ အိုငါ့ဝိညာဉ်၊ သတိနှင့်နေ၊
သင့်ရန်သူများစွာထကြပြီ။
သင့်ကိုကောင်းကင်မှဆွဲခြင်းငှါ၊
ကြိုးစားကြမည်၊ အစဉ်မှတ်ပါ။
၂ စောင့်လျက်၊ တိုက်လျက်၊
ဆုတောင်းလျက်နေ၊
အောင်မြင်ခြင်းကိုမခံပါနှင့်။
နေ့တိုင်းအစဉ်အားထုတ်ကြိုးစား၊
သင့်ရန်သူများကိုခုခံပါ။
၃ ရန်သူများကိုငါအောင်လေပြီ၊
ငြိမ်ဝပ်စွာငါအိပ်ပျော်ပါမည်။
သင်ပြောလျက်နှင့် သတိမထား၊
ဧကန်အမှန်ရှုံးမည်မှတ်ပါ။
၄ အိုငါ့ဝိညာဉ်၊ သေသည့်တိုင်အောင်
စွမ်းအားမလျော့ကြိုးစားပါဦး။
ရန်သူများကိုမေုကြာက်ရွံ့ဘဲ၊
ဘုရားကျေးဇူးကိုးစားအမြဲ။
၅ ရန်သူများကိုအောင်သောနေ့တွင်
မကုန်မဆုံးနိုင်သောစည်းစိမ်၊
သန့်ရှင်းသူများတို့နှင့်တကွ၊
စံစားရမည်အစဉ်မှတ်ပါ။