မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၂၆၆ ယေရှုအံ့ဘွယ်မေတ္တာတော်ကျူး။ သီချင်းစာသားများ
၁ ယေရှုအံ့ဘွယ်မေတ္တာတော်။
ပြစ်ရှိကျွန်ုပ်ကိုရှာ၊
ခြံသို့ပို့ဆောင်ကျေးဇူးတော်
တုမဲ့ကရုဏာကား၊
သမုဒ္ဒရာထက်နက်ပေ
ကောင်းကင်ဘုံထက်မြင့်လေ
ထိုမေတ္တာတော်မြတ်ကြောင်းကို
ကျွန်ုပ်သီချင်းကျူးဆို။
ထပ်ဆိုရန်။
ယေရှုအံ့ဘွယ်မေတ္တာတော်။
တနှစ်ထက်တနှစ်တိုးသိ
နက်နဲ၊ ကျယ်ဝန်း၊ မြင့်သော
အံ့ဘွယ်မေတ္တာတော်သည်
ကြာလေတိုးနားလည်ရ၏။
၂ ရှေးခါယုဒပြည်တစိုက်။
ကိုယ်တော်သွားလာနာခိုက်
ကယ်ဆယ်ကျေးဇူးသိလိုငှါ
နောက်တော်လူတို့လိုက်ရှာ
ကြေကွဲနှလုံးချမ်းသာပေး၊
ကန်းသူများကိုမြင်စေ
မြင့်မြတ်လှမဟာမေတ္တာ
ကျွန်ုပ်ကိုပင်လိုက်ရှာ။
၃ ကားတိုင်တော်၌ဝေဒနာ၊
ကျွန်ုပ်တို့တွက်အရှုံး
ညည်းသံမပြုဘဲခံရှာ
ထိုမေတ္တာတော်မြတ်ကို
သန့်ရှင်းသူတို့နှင့်တကွ
အသံလွှင့်၍ချီးမြှောက်
ကယ်တင်ရှင်အားချီးမွမ်းသံ။
ကောင်းကင်၊ မြေပြင်၊ လုံးလျှံ။