မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၂၆၄ အိမ်ထောင်မှာမေတ္တာကျူး။ သီချင်းစာသားများ
၁ ပတ်ဝန်းကျင်တင့်တယ်စေရာ၊
အိမ်ထောင်မှာမေတ္တာ၊
ချိုသာဝမ်းမြောက်သံကြားရာ၊
အိမ်ထောင်မှာမေတ္တာ။
ချမ်းသာငြိမ်သက်ခြင်းပြည့်ဝ၊
ပြုံးရွှင်မျက်နှာသာတွေ့ရ။
ချိုသာစွာရွေ့းသွားချိန်မှာ
အိမ်ထောင်မှာမေတ္တာ။
ထပ်ဆိုရန်။ အိမ်ထောင်မှာ၊ ချစ်မေတ္တာ၊
ချိုသာစွာရွေ့းသွားချိန်မှာ၊
အိမ်ထောင်မှာမေတ္တာ၊
၂ တဲအိမ်၌ပင်ရွှင်ပျော်ရာ၊
အိမ်ထောင်မှာမေတ္တာ
ဝန်တိုမုန်းတီးခြင်းနှင့်ကင်း၊
အိမ်ထောင်တွင်ချစ်ခြင်း။
ခြေအောက်တွင်ခင်းနှင်းဆီပင်၊
မြေပြင်လုံးစင်းလှဥယျာဉ်၊
သက်တာစုံစွာစံစားရာ၊
အိမ်ထောင်မှာမေတ္တာ။
၃ ထက်ကောင်းကင်တွင်ပြုံးရွှင်ကား
အိမ်ထောင်မှာမေတ္တာ။
မြေအောက်တွင်မေတ္တာလွှမ်းရှာ၊
အိမ်ထောင်မှာမေတ္တာ။
ရေစီးချောင်းများသီဆိုကြ၊
မိုဃ်းပေါ်ရောင်ဝါထွန်းတောက်ပ၊
ထက်ရပ်မှရွှင်ပြုံးမူခါ၊
အိမ်ထောင်မှာမေတ္တာ။
၄ ငါ့သက်လုံးကိုယ်တော်ပိုင်ရာ၊
အိမ်ထောင်မှာမေတ္တာ။
ကိုယ်တော်စွန့်နည်းလိုက်ရှောက်ရာ၊
မေတ္တာမှန်ပွားလာ။
ဘေးရန်လုံးစုံမှကွာရှင်း၊
ပြစ်ကြောင့်စိတ်ပျက်ခြင်းနှင့်ကင်း။
ကျေးဇူးတော်ဖြင့်ကယ်တင်လှာ။
မေတ္တာတော်ဖုံးပါ။