မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၂၆၁ ကျေးဇူးတော်ကျူး။ သီချင်းစာသားများ
၁ ဤယနေ့သက်ရှင်ရလျှင်၊
မစတော်မူကျေးဇူးပင်၊
ကိုယ်တော်ရှင်ဘုန်းတော်မြတ်ကို၊
ကျွန်ုပ်တို့ချီးမွမ်းကြစို့။
၂ ချီးမွမ်းခြင်းကိုခံထိုက်သော၊
မြတ်ကိုယ်တော်ဘုရားရှင်စော၊
ဂုဏ်တော်မြတ်ကျေးဇူးပေါင်းကို၊
ကျွန်ုပ်တို့ချီးမွမ်းကြစို့။
၃ ကျေးဇူးရှင်၊ သခင်ဘုရား၊
ဝိညာဉ်တော်ဆုကျေးဇူးများ၊
နေရောင်ခြည်ထွန်းလင်းပမာ၊
ကျွန်ုပ်တို့၌လင်းစေပါ။
၄ လွန်မိုက်သောကျွန်ုပ်တို့အား၊
လင်းစေတော်မူသောကြောင့်သာ၊
ကြီးမြတ်သောတန်ခိုးတော်ကို၊
ကျွန်ုပ်တို့ချီးမွမ်းကြစို့။