မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၂၆၀ အပ္ပမေယျ မေတ္တာတော်ကျူး။ သီချင်းစာသားများ
၁ အပ္ပမေယျချစ်ခြင်းမေတ္တာ၊
ကောင်းကင်ဘုံပီတိကြွလျှက်၊
ကျွန်ုပ်တို့တွင်ကိန်းဝပ်မူပါ၊
ကျေးဇူးတော်အပေါင်းဆင်းသက်။
ကရုဏာနှင့်ကိုယ်တော်ကြွယ်ဝ။
ဒုစရိုက်မှကယ်တော်မူ။
ကိုယ်တော်ကိုကျွန်ုပ်တို့တောင့်တ။
ဘုန်းပွင့်စေ၊ အိုရှင်ယေရှု။
၂ သောကပူလောင်နှလုံးထဲသို့
ဝိညာဉ်တော်သည်ပဿာသ။
ခုမှုတ်သွင်းတော်မူပါစေသော။
မောပန်းခြင်းငြိမ်းစေမူပါ။
ရွေးနှုတ်ခြင်းငှါဣဿရိယ။
ဘုန်းနှင့်ပြည့်စုံတော်မူလေ။
ကိုယ်တော်ချက်ခြင်းကြွလာမူပါ။
ဗိမာန်တော်၌မြဲစွဲနေ။
၃ ကိုယ်တော်သည် ဖန်ဆင်းပြုပြင်ခြင်း
မှုတော်ပြီးစီးစေမူရာ။
ဖြူစင်စေတော်မူသောအားဖြင့်၊
ကျွန်ုပ်တို့စုံလင်စေပါ။
ကောင်းကင်ဘုံသို့ရောက်သောကာလ။
ရှေ့တော်၌ဦးညွှတ်ချချိန်
ချီးမွမ်းထောမနာပြုအံ့ငှါ၊
ဘုန်းတော်ကိုဝင်စားကြချိမ့်။