Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 97 လက်ဝါးကပ်တိုင်တော်အောက်တွင်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 97 လက်ဝါးကပ်တိုင်တော်အောက်တွင်ကျူး

 

1
လက်ဝါးကပ်တိုင်တော်အောက်တွင်၊ ကျွန်ုပ်ခိုလှုံလိုလေ၊
နေပူပြင်းသောဒေသ၌ပင်၊ ကျောက်လုံးကြီးရိပ်လိုပေ။
ဒေါသမုန်တိုင်းကျသောအခါ၊ ဘေးပေါင်းကွယ်ကာရာတည်း။
ဝန်လေးသောသူဝန်ချထားရာ၊ မောသူနားရာပေတည်း။

2
ထိုတိုင်တော်မြတ်အပေါ်တွင်၊ တစ်ရံတစ်ခါကြည့်သော်၊
ကျွန်ုပ်တွက်သေခံသဏ္ဌာန်ပင်၊ ကျွန်ုပ်မြင်သည်ထင်ပေါ်။
မြင်ရတိုင်းမျက်ရည်ကျသဖြင့်၊ အံ့ဖွယ်နှစ်ခုတွေ့သည်။
အတုမရှိမေတ္တာတော်နှင့်၊ ကိုယ်၏ယုတ်ညံ့ခြင်းတည်း။

3
ထိုတိုင်တော်မြတ်အရိပ်သာ၊ ကျွန်ုပ်ခိုရာဖြစ်စေ၊
မျက်နှာရောင်ခြည်ထွန်းတောက်မူရာ၊
ကျွန်ုပ်အလင်းဖြစ်လေ။ လောကဆင်းရဲစည်းစိမ်ထဲဝယ်၊
အရှုံးအမြတ်မထင်။ ကိုယ့်ပြစ်ကိုသာရှက်ရာဖြစ်ဖွယ်၊
တိုင်တော်၌ဝါကြွားချင်။

Exit mobile version