Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 94 မြဲတည်ကျောက်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 94 မြဲတည်ကျောက်ကျူး

 

1
မြဲတည်ကျောက်ကျွန်ုပ်ဖို့ကွဲ၊ ကိုယ်တော်၌ခိုစေမှီဝဲ။
နံတော်မှစီးသောသွေးရည်၊ အပြစ်အနာဆေးကြောစေ၊
ပြစ်တန်ခိုးဒုစရိုက်မှ၊ ကယ်တင်တော်မူခြင်းခံရ။

2
ပညတ်တော်မြတ်စုံလင်စွာ၊ မဆောင်ရွက်မကျင့်နိုင်ပါ။
မည်မျှစိတ်အားကြီးသော်လည်း၊ မျက်ရည်အစဉ်ကျယိုစီး၊
ပြစ်အားလုံးမဖြေနိုင်ရာ၊ ကိုယ်တော်သာလျှင်ကယ်နိုင်ပါ။

3
ကျွန်ုပ်၌ကုသိုလ်မရှိ၊ ကိုယ်တော်သာမှီတွယ်ရာရှိ။
လက်ချည်းသက်သက်ထံတော်သို့၊ လာသည်ကျေးဇူးတော်ခိုဖို့၊
ဆိုးယုတ်လျက်ထံတော်ပြေးလာ၊ မကယ်လျှင်အမှန်သေရာ။

4
အသက်ရှူရှိုက်နေစဉ်ခါ၊ မျက်စိမှိတ်၍စုတေရာ။
မြင့်ရွှေဘုံသို့ပြန်တက်ကြွ၊ ပလ္လင်တော်ကိုဖူးမြင်ရ၊
မြဲတည်ကျောက်ကျွန်ုပ်ဖို့ကွဲ၊ ကိုယ်တော်၌ခိုစေမှီဝဲ။

Exit mobile version