Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 93 အိမ်တော်သို့ပြန်မည်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 93 အိမ်တော်သို့ပြန်မည်ကျူး

 

1
ဘုရားမှဝေးစွာသွားမိပြီ၊ ခုထံတော်ပြန်မည်၊
အပြစ်လမ်းကိုလိုက်ခြင်းကြာပြီ၊ အိမ်တော်သို့ပြန်မည်။

2
ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊
မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။

3
ဖိုးထိုက်နှစ်များဖြန်းတီးခဲ့ပြီ၊
ခုထံတော်ပြန်မည်၊ မျက်ရည်ကျလျက်နောင်တရပြီ၊
အိမ်တော်သို့ပြန်ပြီ။

4
ပြစ်၌ကျင်လည်ခြင်းရွံရှာပြီ၊ ခုထံတော်ပြန်မည်၊
မေတ္တာတော်နှင့်ကတိယုံကြည်၊ အိမ်တော်သို့ပြန်ပြီ။

5
မျှော်လင့်ခြင်းနှင့်ထုချေချက်မှာ၊
ခုထံတော်ပြန်မည်၊ ယေရှုကျွန်ုပ်တွက်သေခံရှာ၊
အိမ်တော်သို့ပြန်ပြီ။

6
ကိုယ်တော်သွေး၌ဆေးကြောလိုပါ၊ ခုထံတော်ပြန်မည်၊
မိုးပွင့်ထက်ဖြူစွာဆေးကြောပါ၊ အိမ်တော်သို့ပြန်မည်။

Exit mobile version