မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 86 ပွင့်လျက်နေသောတံခါးပေါက်မှကျူး
1
ပွင့်လျက်နေသောတံခါးပေါက်မှ၊ ကပ်တိုင်ကရောင်ခြည်တော်သည်။
ကယ်တင်ရှင်မေတ္တာတော်ဖော်ပြ၊ ဝေးရပ်မှာထွန်းတောက်နေသည်။
2
ဟုတ်မည်လောအနန္တမေတ္တာ၊ ထိုတံခါးကျွန်ုပ်ဖို့ပွင့်ရှာ၊
ကျွန်ုပ်၊ ကျွန်ုပ်၊ ကျွန်ုပ်ဖို့ပွင့်နေရှာ။
3
ကယ်တင်ခြင်းရှာသူတိုင်းအဖို့၊ ထိုတံခါးသည်ပွင့်လျက်နေ။
ချမ်းသာဆင်းရဲကြီးငယ်ပေါင်းတို့၊
လူမျိုးတကာဝင်နိုင်လေ။
4
ကရုဏာတံခါးသည်ပွင့်နေ၊ ရန်သူမုန်းသော်လည်းရှေ့တက်။
ထာဝရမေတ္တာတော်သက်သေ၊ ကပ်တိုင်ယူမကိုဋ်အောင်လျက်။
5
သည်မှာပေးသောတိုင်တော်မြတ်ကို၊ မြစ်တစ်ဖက်မှချထားမည်။
အသက်သရဖူကိုဆောင်းလို၊ ထက်ရပ်မှာတိုး၍ချစ်မည်။
