မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 85 ဖြည်းညင်းသိမ်မွေ့စွာကျူး
1
ဖြည်းညင်းသိမ်မွေ့စွာယေရှုရှင်ခေါ်နေသည်၊
သင်နှင့်ငါ့အားခေါ်နေသည်။ စိတ်နှလုံးတံခါးမှာကိုယ်တော်စောင့်နေသည်၊
သင်နှင့်ငါ့အားစောင့်နေသည်။
2
အိမ်သို့ပြန်လာ၊ စိတ်ပင်ပန်းသူအိမ်သို့လာ၊
ဖြည်းညင်းစိတ်နှင့်လွန်စွာယေရှုခေါ်နေရှာ၊
ခေါ်သည်အိုပြစ်သားပြန်လာ။
3
ယေရှုတောင်းပန်စဉ်ဘယ်ကြောင့်ကြန့်ကြာနှောင့်နှေး၊
ကျွန်ုပ်တို့ကိုတောင်းပန်နေ။ ကရုဏာတော်မှုမထားဘယ်ကြောင့်နှောင့်နှေး၊
သင်နှင့်ငါ့ကိုပေးလျက်နေ။
4
အောက်မေ့အံ့ဖွယ်မေတ္တာကတိတော်ထားသည်၊
သင်နှင့်ငါ့ဖို့ထားမူ၏။ ပြစ်မှားသော်လည်းကရုဏာနှင့်ပြစ်လွှတ်မည်၊
သင်နှင့်ငါ့ကိုပြစ်လွှတ်၏။
